Salary Secured Loan “SSL”

ssl product

(Salary Secured Loan) သည် ကုမ္ပဏီများမှ ထောက်ခံချက်ပေးထားသော မည်သည့် ဝန်ထမ်းမဆို ချေးငွေလျှောက်ထားနိုင်ပြီး ချေးငွေပြန်လည်ဆပ်ရာတွင် ချေးငွေလျှောက်ထားသူတို့၏ လစဉ်လစာဝင်ငွေဖြင့် လိုက်လျောညီထွေအဆင်ပြေမှုရှိစေရန် တွက်ချက်ပေးသောချေးငွေဝန်ဆောင်မှု တစ်ခုဖြစ်သည်။ထိုကဲ့သို့ လစာဝင်ငွေနှင့် ၏လိုက်လျောညီထွေမှုရှိစွာ တွက်ချက်ထားခြင်းကြောင့်လည်း ချေးငွေရယူသူဝန်ထမ်းအနေဖြင့် ချေးငွေပြန်လည်ပေးဆပ်ရာတွင် အခက်အခဲမရှိပဲ အဆင်ပြေချောမွေ့စွာ ပြန်လည်ပေးချေနိုင်မှု ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ချေးငွေရယူသူ ဝန်ထမ်းများအနေဖြင့် Salary Secured Loan ချေးငွေအား အောက်ပါ ရည်ရွယ်ချက်များတွင် အသုံးပြုနိုင်သည် -

  • လူနေမှုဘဝ (သွားရေးလာရေး ၊ အိမ်ယာပြန်လည်ပြုပြင်ခြင်း ၊ ပညာရေးကိစ္စများ)
  • အခမ်းအနား (စေ့စပ်ကြောင်းလမ်းခြင်း ၊ မင်္ဂလာဆောင်ခြင်း ၊ ကလေးမီးဖွားခြင်း ၊ နာရေးကိစ္စများ)
  • ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များ (ပေးဆောင်ရန်ရှိသည်များတစ်စုတစ်စည်းတည်းပေးချေခြင်း ၊ ယာယီဝင်ငွေထွက်ငွေလိုအပ်ချက်အတွက် အသုံးပြုခြင်း)

Ruby Hill Microfiance Co.,Ltd အနေဖြင့် လက်ရှိကုမ္ပဏီများတွင်ဆောင်ရွက်လျှက်ရှိသော ဝန်ထမ်းချေးငွေများအတွက်လည်း ကုမ္ပဏီကိုယ်စားချေးငွေ ထောက်ပံ့မှုများပေးနိုင်ရန် ဝန်ထမ်းထိန်းသိမ်းရေးဌာန (HR) နှင့်လည်း ပူးတွဲဆောင်ရွက်လျှက်ရှိသည်။

ssl product 01

ချေးငွေလျှောက်ထားသူ – ချေးငွေလျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။ (၁) နှစ် (သို့) (၁) နှစ်ထက်ပိုသော ကုမ္ပဏီမှ အမြဲတမ်း ဝန်ထမ်းဖြစ်ရမည်။

ချေးငွေပမာဏ – (Salary Secured Loan) ချေးငွေ၏အနည်းဆုံး ချေးငွေဝန်ဆောင်မှုသည် မြန်မာကျပ် ၄၀ဝ,ဝ၀ဝ/- (လေးသိန်း) ကျပ်ဖြစ်ပြီး အများဆုံးချေးငွေယူနိုင်သည့် ပမာဏသည် ဝန်ထမ်း၏ လစာဝင်ငွေ ၊ ချေးငွေသက်တမ်း နှင့် ချေးငွေယူရခြင်း ရည်ရွယ်ချက်ပေါ်မူတည်၍ ချေးငွေဝန်ဆောင်မှု ပမာဏမှာ မြန်မာကျပ် ၁၀,ဝ၀ဝ,ဝ၀ဝ/- (သိန်းတစ်ရာ) ကျပ်တိတိဖြစ်သည်။

မဖြစ်မနေစုဆောင်းငွေ– မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း (Salary Secure Loan) ၏ ၅% အား မဖြစ်မနေစုဆောင်းငွေအဖြစ် ထားရှိရမည်ဖြစ်သည်။

ချေးငွေသက်တမ်း - (Salary Secured Loan )ချေးငွေ၏ ပြန်လည်ပေးချေရမည့် ချေးငွေသက်တမ်းသည် ချေးငွေလျှောက်ထားသူ၏ ချေးငွေယူရခြင်း ရည်ရွယ်ချက်၊ ချေးငွေပမာဏ နှင့် ချေးငွေရယူသူဝန်ထမ်း၏ လစဉ်ဝင်ငွေရရှိမှုပေါ်မူတည်၍ ပုံသေတွက်ချက်ထာသော အတိုး+အရင်းပေါင်းပမာဏတို့ နှင့် လိုက်လျောညီထွေအဆင် ပြေမှုရှိစေရန် သတ်မှတ်ပေးသည်။

လက်ရှိ အတိုးနှုန်း – လက်ရှိ (Salary Secured Loan) ချေးငွေ၏အတိုးနှုန်းသည် တစ်လလျှင် ၂.၃ % ဖြစ်ပြီး လျော့ကျလာသော လက်ကျန်ချေးငွေပေါ်တွင် မူတည်၍ တွက်ချက်သည့် ပုံစံဖြစ်သောကြောင့် (သက်ရောက်အတိုးနှုန်းသည် ၁.၄%) မျှသာဖြစ်သည်။ မဖြစ်မနေစုဆောင်းငွေမှ အတိုးနှုန်းမှာလည်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ချမှတ်ထားသော ဥပဒေအတိုင်း တစ်နှစ်လျှင် (၁၄%) ဖြစ်သည်။