မော်တော်ဆိုင်ကယ် ချေးငွေ (ML)

motor cycles loan

Ruby Hill Microfinance Co., Ltd မှ စိစစ်ရွေးချယ်ထားသော သတ်မှတ်အရည်ချင်းမှီ မော်တော်ဆိုင်ကယ်ရောင်းချသူများ၏ ရန်ကုန်မြို့တွင်း ခွင့်ပြု မိန့်ရမြို့နယ်များမှ မော်တော်ဆိုင်ကယ်ဝယ်ယူလိုသူ Customers များကို ချေးငွေထောက်ပံ့မှုပေးခြင်းဖြစ်ပါသည်။

မော်တော်ဆိုင်ကယ် ချေးငွေ (ML) လျှောက်ထားသူ – မြန်မာနိုင်ငံသား ဖြစ်ရမည် ။ အနည်းဆုံး (၁) နှစ် (သို့) (၁) နှစ်ထက်ပိုသော လက်ရှိလုပ်ငန်းလုပ်ကိုင်နေသူ / လစဉ်ဝင်ငွေရှိသူ ဖြစ်ရမည်။

ချေးငွေပမာဏ – မော်တော်ဆိုင်ကယ်ချေးငွေ (ML) ပမာဏသည် မော်တော်ဆိုင်ကယ်၏ တန်ဖိုးပေါ်မူတည်၍ ချေးငွေဝန်ဆောင်မှုပမာဏသည် မြန်မာကျပ် ၄၀ဝ,ဝ၀ဝ/- (လေးသိန်း) ကျပ်ဖြစ်ပြီး အများဆုံးရရှိနိုင်သည့် ချေးငွေပမာဏသည် မြန်မာကျပ် ၁၀,ဝ၀ဝ,ဝ၀ဝ (သိန်းတစ်ရာ) ကျပ်တိတိ ဖြစ်သည်။

မဖြစ်မနေစုဆောင်းငွေ – မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း မော်တော်ဆိုင်ကယ် ချေးငွေ (ML) ၏ ၅% အား မဖြစ်မနေစုဆောင်းငွေအဖြစ် ထားရှိရမည်ဖြစ်သည်။

ကနဦး ပေးသွင်းငွေ – ကနဦးပေးသွင်းငွေသည် ဝယ်ယူငှားရမ်းသူ၏ ချေးငွေသတ်မှတ်ချက်ပေါ်မူတည်၍ (၁၀%) ရာခိ်ုင်နှုန်း မှ (၅၀%) ရာခိုင်နှုန်းကြား ပေးသွင်းရမည် ဖြစ်သည်။

ချေးငွေသက်တမ်း - မော်တော်ဆိုင်ကယ်ချေးငွေ (ML) ၏ ပြန်လည်ပေးချေရမည့် ချေးငွေသက်တမ်းသည် ချေးငွေလျှောက်ထားသူ၏ ချေးငွေပမာဏ နှင့် ချေးငွေရယူသူ၏ ဝင်ငွေရရှိမှုပေါ်မူတည်၍ ပုံသေတွက်ချက်ထာသော အတိုး+အရင်းပေါင်းပမာဏတို့ နှင့် လိုက်လျောညီထွေအဆင်ပြေမှုရှိစေရန် သတ်မှတ် ပေးသည်။

လက်ရှိ အတိုးနှုန်း – လက်ရှိ (Consumer Loan) ချေးငွေ၏အတိုးနှုန်းသည် တစ်လလျှင် ၂.၃ % ဖြစ်ပြီး လျော့ကျလာသော လက်ကျန်ချေးငွေပေါ်တွင် မူတည်၍ တွက်ချက်သည့် ပုံစံဖြစ်သောကြောင့် (သက်ရောက်အတိုးနှုန်းသည် ၁. ၄%) မျှသာဖြစ်သည်။ မဖြစ်မနေစုဆောင်းငွေမှ အတိုးနှုန်းမှာလည်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ချမှတ်ထားသော ဥပဒေအတိုင်း တစ်နှစ်လျှင် (၁၄%) ဖြစ်သည်။