ကျွန်ုပ်တို့အဖွဲ့အစည်း

dr sai sam htun

ဒေါက်တာစိုင်းဆမ်ထွန်း (ဥက္ကဌ)

ဒေါက်တာစိုင်းဆမ်ထွန်းသည် Loi Hein Co., Ltd ၏ ရှယ်ယာများကို ထိန်းချုပ်နေသူတစ်ဦးဖြစ်ပြီး ၊ RHFC ၏ ဒါရိုက်တာ (သို့) တစ်ဦးတည်း ပိုင်ဆိုင်သူဖြစ်သလို ၊ KTZ Ruby Hill Securities Co., Ltd နှင့် Ruby Hill Microfinance Co., Ltd တို့၏ ဥက္ကဌတစ်ဦးလည်း ဖြစ်သည်။ ဒေါက်တာစိုင်းဆမ်ထွန်းဆိုသည်မှာ မြန်မာနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းလောကတွင် အားကျစရာကောင်းလောက်အောင် ဂုဏ်သတင်းကျော် ကြားကာ အောင်မြင်နေသူတစ်ဦးဖြစ်သည်။ ဒေါက်တာစိုင်းဆမ်ထွန်းသည် ၁၉၇၂ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိဆရာဝန်တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် မြန်မာ့စားသောက်ကုန်လုပ်ငန်း (MFI) မှ စီးကရက်နှင့် အချိုရည်မှတဆင့် ဘီယာနှင့် ရမ်ကဲ့သို့သော စားသောက်ကုန်ထုတ်လုပ်မှုများကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါသည်။

 

director

Mr. Dominic Scriven, OBE (ဒါရိုက်တာ)

Mr. Dominic Scriven သည် Exeter တက္ကသိုလ်မှ ၁၉၈၅ ခုနှစ်တွင် ဥပဒေနှင့် လူမှုဗေဒဒီဂရီဘွဲ့ရရှိခဲ့သည်။ ထို့နောက် Mr. Dominic Scriven သည် ငွေရေးကြေးရေး စီမံခန့်ခွဲရေးလုပ်ငန်း လုပ်ဆောင်ခဲ့ပြီး M&G , Sun Hun Kai နှင့် Peregine တို့နှင့် ပွဲစားတစ်ဦးအနေဖြင့် ဟောင်ကောင်တွင်သွား ရောက်လုပ်ကိုင်ခဲ့ပါသည်။ Mr. Dominic Scriven သည် ၁၉၉၁ ခုနှစ်တွင် ဟန္နိုင်းသို့ ပြောင်းရွေ့နေထိုင်ကာ ၁၉၉၄ ခုနှစ်တွင် Dragon Capital Group အား ပူးတွဲတည်ထောင်သူအဖြစ် မစတင်မှီ ဗီယက်နမ်ဘာသာစကားကို ၂ နှစ်ကြာလေ့လာသင်ယူခဲ့သည်။ Mr. Dominic Scriven သည် ၂၀ဝ၆ ခုနှစ် တွင် အင်္ဂလန်နိုင်ငံနှင့် ဗီယက်နမ်နှစ်နိုင်ငံအကြား ကူညီထောက်ပံ့ပေးမှုများကြောင့် အင်္ဂလန်နိုင်ငံမှ ချီးမြှင့်သော ဗြိတိသျှ အင်ပါယာ ဂုဏ်ထူးဆောင် ဘွဲ့ (OBE) ဆုတံဆိပ်ကို ရရှိခဲ့သည်။ ဟိုချီမင်ပြည်သူ့ကော်မတီမှလည်း တိုင်းပြည်၏ အရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကြောင့် Mr. Dominic Scriven အား ၂၀ဝ၈ ခုနှစ်တွင် တရားဝင်အသိအမှတ်ပြုဆုတံဆိပ် (Recognition Award) အား ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် Mr. Dominic Scriven ၏ အောင်မြင်မှုများအား အသိအမှတ်ပြုသည့် အနေဖြင့် ဗီယက်နမ် သမ္မတမှလည်း ၂၀၁၄ ခုနှစ်တွင် တတိယအဆင့်ဖြစ်သော အလုပ်သမားဘွဲ့တံဆိပ်ကို (Labor Order, Third Class) ချီးမြှင့်ပေးခဲ့ပြန်ပါသည်။