Consumer Loan “CL”

consumer loan

Ruby Hill Microfinance Co., Ltd ၏ Consumer Loan သည် ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် လက်လီဖြန့်ချိသူများအတွက် ပိုမိုအရောင်း သွက်စေရန် ဖန်တီးထားသော ချေးငွေပုံစံဖြစ်သည်။ ကျွန်ုပ်တို့၏ (Consumer Loan) ချေးငွေပုံစံဆိုသည်မှာ -

  • သတ်မှတ်အရည်အသွေးပြည့်မှီသော လက်လီဖြန့်ချီသူများအတွက် ကုန်ပစ္စည်းဝယ်ယူရာတွင် ငွေရေးကြေးရေး ထောက်ပံ့မှုပေးခြင်း
  • လက်ကားဖြန့်ချီသူများနှင့် ထုတ်ကုန်ဖြန့်ချီသူများအား ထုတ်ကုန်ထုတ်လုပ်သူ (သို့) ထုတ်ကုန်ဖြန်ချိသူများဆီမှ ကုန်ပစ္စည်းပိုမို များပြားစွာ ဝယ်ယူနိုင်ရန်အတွက် ငွေရေးကြေးရေးထောက်ပံ့မှုပေးခြင်းတို့ဖြစ်ပါသည်။

cl 01

ချေးငွေလျှောက်ထားသူ – မြန်မာနိုင်ငံသားဖြစ်ရမည်။ (၁) နှစ် (သို့) (၁) နှစ်ထက်ပိုသော ကုမ္ပဏီမှ အမြဲတမ်း ဝန်ထမ်းဖြစ်ရမည်။

ချေးငွေပမာဏ – (Consumer Loan) ချေးငွေ၏ အများဆုံးချေငွေဝန်ဆောင်မှုမှာ ချေးငွေသက်တမ်းပေါ်မူတည်၍ မြန်မာကျပ် ၁၀,ဝ၀ဝ,ဝ၀ဝ/- (သိန်းတစ်ရာ) ကျပ်တိတိဖြစ်သည်။

မဖြစ်မနေစုဆောင်းငွေ – မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း (Consumer Loan) ၏ ၅% အား မဖြစ်မနေစုဆောင်းငွေအဖြစ် ထားရှိရမည်ဖြစ်သည်။

ချေးငွေသက်တမ်း - (Consumer Loan )ချေးငွေ၏ ပြန်လည်ပေးချေရမည့် ချေးငွေသက်တမ်းသည် ချေးငွေလျှောက်ထားသူ၏ ချေးငွေယူရခြင်း ရည်ရွယ်ချက်၊ ချေးငွေပမာဏ နှင့် ချေးငွေရယူသူ၏ ဝင်ငွေရရှိမှုပေါ် မူတည်၍ ပုံသေတွက်ချက်ထာသော အတိုး+အရင်းပေါင်းပမာဏတို့ နှင့် လိုက်လျောညီထွေအဆင် ပြေမှုရှိစေရန် သတ်မှတ်ပေးသည်။

လက်ရှိ အတိုးနှုန်း – လက်ရှိ (Consumer Loan) ချေးငွေ၏အတိုးနှုန်းသည် တစ်လလျှင် ၂.၃ % ဖြစ်ပြီး လျော့ကျလာသော လက်ကျန်ချေးငွေပေါ်တွင် မူတည်၍ တွက်ချက်သည့် ပုံစံဖြစ်သောကြောင့် (သက်ရောက်အတိုးနှုန်းသည်၁. ၄%) မျှသာဖြစ်သည်။ မဖြစ်မနေစုဆောင်းငွေမှ အတိုးနှုန်းမှာလည်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ချမှတ်ထားသော ဥပဒေအတိုင်း တစ်နှစ်လျှင် (၁၄%) ဖြစ်သည်။