Ruby Hill Microfinance Company Limited နှင့် Peace Myanmar Electric Holding Company Limited (PMEH) တို့အကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်း။

Ruby Hill Microfinance Company Limited နှင့် Peace Myanmar Electric Holding Company Limited (PMEH) တို့အကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်းကို ဝမ်းမြောက်မိပါသည်။PMEH ဝန်ထ မ်းများအား ဝန်ထမ်းချေးငွေများ ပံ့ပိုးပေးရေးနှင့် RHM ဝန်ထမ်းများအကြား ကနဦးပူးပေါင်းဆောင်ရွက်မှုအဖြစ် PMEH မှ အရည်အသွေးပြည့်မီသော ထုတ်ကုန်အကျိုးခံစားခွင့်များ အပြန်အလှန်ပေးအပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဇွန် ၂၅ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ ဤနားလည်မှုစာချွန်လွှာသည် PMEH နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်အသစ်ကို ထူထောင်ပြီး နောက်ထပ် ပေါင်းစပ်ပူးပေါင်းဆောင်ရွက်မှုများနှင့် ရေရှည်တည်တံ့သော ဆက်ဆံရေးကို တည်ဆောက်ကြမည်ဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို လက်ခံကျင်းပရန် ကြိုးပမ်းခဲ့ကြသည့် PMEH ရုံးအဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။

MOU လက်မှတ်ရေးထိုးသူများအကြောင်း

Peace Myanmar Electric Holding Co., Ltd. ကို 1994 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Mitsubishi Electric မှထုတ်လုပ်သော HVAC ထုတ်ကုန်များနှင့် ၎င်းတို့၏အပိုပစ္စည်းများကို တရားဝင်ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချီခဲ့သည်။

Ruby Hill Microfinance Co., Ltd. (RHM) ကို Loi Hein Group (“LHG”) နှင့် Dragon Capital Group (“DCG”) တို့မှ 2017 ခုနှစ် ဧပြီလတွင် Joint-Venture (“JV”) အဖြစ် မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းကို လုပ်ကိုင်ရန် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

20240628 01
20240628 02
 
20240628 03
20240628 04