about us

  • Loi Hein Group (“LHG”) နှင့် Dragon Capital Group (“DCG”) ကုမ္ပဏီတို့သည် ဧပြီလ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းလုပ်ဆောင်ရန် Ruby Hill Microfinance Co., Ltd (“RHM”) အမည်ဖြင့် အစုစပ်ကုမ္ပဏီတစ်ခုအဖြစ်ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။
  • Loi Hein Group (LHG) သည် ကိုယ်ပိုင်အမှတ်တံဆိပ် နာမည် (၈) မျိုးဖြင့် နှစ် (၃၀) ကျော် အတွေ့အကြုံများရှိသော စားသောက်ကုန်လုပ်ငန်းအဖြစ် မြန်မာနိုင်ငံတွင် အောင်မြင်မှုရရှိနေပြီး နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော Osotspa, Green Spot, Siam Winery နှင့် Asahi Group တို့နှင့်ပါ စီးပွါးရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်လျှက်ရှိပါသည်။ Loi Hein Goup အနေဖြင့် အဖျော်ယမာက ထုတ်လုပ်မှု ၊ ရောင်းဝယ်ဖေါက်ကားမှု နှင့် ဖြန့်ဖြူးရောင်းချမှုများကို သတ်မှတ်ရောင်းအား (၄၅,ဝ၀ဝ) ကျော်ထိ အောင်မြင်စွာ လုပ်ဆောင်လျှက်ရှိပါသည်။
  • Dragon Capital Group သည် ၁၉၉၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဘဏ်လုပ်ငန်းနှင့် အသေးစားငွေချေးလုပ်ငန်းများတွင် အတွေ့ကြုံရှိသော အလုပ်သမားပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည်။ ယခုလက်ရှိတွင် အမေရိကန်ဒေါ်လာ (၃.၈) ဘီလျံတန်ဖိုးရှိသော အပြည်ပြည်ဆိုင်ရာ ပင်စင်လစာများ ၊ အာဏာပိုင်ငွေကြေးကိစ္စများ ၊ ဝင်ငွေအမြောက်အများရသော လုပ်ငန်းများ၏ ငွေကြေးများအား စီမံခန့်ခွဲပေးနေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
  • Ruby Hill Microfinance Co., Ltd သည် အဖွဲ့အစည်းနှစ်ခု၏ ဥက္ကဌများဖြစ်သော ဒေါက်တာစိုင်းဆမ်ထွန်း နှင့် Mr. Dominic Scriven တို့မှ ဦးစီးလုပ်ကိုင်လျှက်ရှိသည်။ အသေးစားငွေရေးကြေးရေးလုပ်ငန်းနှင့် ပက်သက်သော ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဒါရိုက်တာမှ Ruby Hill Microfinance Co., Ltd ၏ ဥက္ကဌဖြစ်သူ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တိုက်ရိုက်ဆက်သွယ်ဆွေးနွေးမည်ဖြစ်သည်။
  • Ruby Hill Microfinace Co.,Ltd ကိုဖွဲ့စည်းထားသော ကုမ္ပဏီနှစ်ခုမှာ မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော စီးပွားရေးကော်ပိုးရေးရှင်းတွင် နာမည်ရလျှက်ရှိသော Loi Hein Group နှင့် မဲခေါင် ဒေသ (GMS) နှင့် ဗီယက်နမ်နိုင်ငံတွင် ဘဏ်လုပ်ငန်းနှင့် အသေးစားချေးငွေလုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လျှက်ရှိသော Dragon Capital Group တို့ဖြစ်သည်။
  • Loi Hein ကုမ္ပဏီ နှင့် Dragon Capital ကုမ္ပဏီ နှစ်ခုစလုံးသည် အသေးစားချေးငွေဆိုင်ရာ အတွေ့အကြုံများ ရှိထားပြီးဖြစ်ပြီး Dragon Capital ကုမ္ပဏီဆိုသည်မှာလည်း ကမ္ဘောဒီးယားနိုင်ငံတွင် မတည်ရင်းနှီးငွေပေါင်း အမေရိကန် ဒေါ်လာ (၁.၃) ဘီလီယံ နှင့် ဝန်ထမ်းပေါင်း (၆,ဝ၀ဝ) ကျော်ဦးဆောင်ပြီးကုမ္ပဏီအခွဲပေါင်း (၁၈၁) ခုနှင့် လည်ပတ်လုပ်ကိုင်လျှက်ရှိသော ကမ္ဘောဒီယားနိုင်ငံ၏အကြီးမားဆုံး အသေးစားငွေရေးကြေးရေးကုမ္ပဏီဖြစ်သော PRASAC အသေးစားချေးငွေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားပြီး အသေးစားချေးငွေနှင့်ပက်သက်သော အတွေ့အကြုံပိုင်းဆိုင်ရာတွင်လည်း ဆရာတစ်ဆူဖြစ်သည်။
  • Ruby Hill Microfinance Co.,Ltd ၏ ခံယူချက်မှာ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ စည်းမျည်းစည်းကမ်းများနှင့်အညီ သက်မှတ်ထားသော မြန်မာနိုင်ငံသား နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေရေးကြေးရေး အခက်အခဲများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ၏ အသေးစားချေးငွေထောက်ပံ့ပေးရေးလောကတွင်လည်း ထိပ်သီးစာရင်းဝင်ဖြစ်ရန် ကြိုးစားသွားမည်ဖြစ်သည်။